ပန်းတစ်ခင်း...ချစ်ခြင်းတွေရှိမှ...လှနိုင်မှာပါ။

ပန်းတစ်ခင်း...ဒေါသမီးတွေငြိမ်းမှ လှနိုင်မှာပါ။

ပန်းတစ်ခင်း...အတ္တတွေရှင်းမှ လှနိုင်မှာပါ။

Sunday, August 24, 2008

မြန်မာစာများနေရာမရွေးကောင်းကောင်းပေါ်စေရန်

Blog site တွေမှာ မြန်မာလိုကောင်းကောင်းပေါ်စေပြီး ဖတ်ရှုသူတို့ အဆင်ပြေစေဖို့အတွက် မိမိBlog တွင် Myanmar Font ကိုထည့်သွင်းကြေညာပေးထားရပါမယ်။ လက်ရှိ Oneline မှာအဆင်ပြေဆုံး အသုံးပြုနေကြတာ ကတော့ Zawgyi-One Font ပဲဖြစ်ပါတယ်။ Myanmar Zawgyi-One ကို မိမိ Blog ထည့်သွင်းအသုံးပြုတော့မယ် ဆိုရင် သတိပြုရမှာက Blogger Template Style နှင့် Columm type တို့ဖြစ်ပါတယ်။ ယခုသိစေလိုသည်မှာကာ Blogger အသစ်များ၊ ၀ါသနာပါသူများ ၊ Font အတွက် စိတ်ညစ်နေ သူများ အတွက် အထောက်အကူတစ်ရပ်အနေနဲ့ ပဲဖြစ်ပါတယ်။ Blog Template Style အများကြီးထဲက ကြိုက်နှစ်သက်ရာကိုရွေးချယ် အသုံးပြုရမှာဖြစ်ပြီး Columm ကိုတော့ Default အားဖြင့် 2 columm ပဲပေးထားတာပါ။
ဥပမာအနေနဲ့ Rounder Template Style တစ်ခု၏ အသစ်ပြုလုပ်ပြီးသား Blog တစ်ခုရဲ့ ဘာမျှမပြုပြင်ရ သေးတဲ့ HTML code တို့နဲ့ယှဉ်ပြသွားမှာပါ။
(၁) ပထမဆုံး Zawgyi-One .exe file ကို Download လုပ်ပြီး Run ထားရပါမယ်။
(၂) မိမိBlog ရဲ့ Dashboard ကိုဝင်ပါ။
Layout==>Edit HTML ကိုတစ်ဆင့်ချင်းဝင်လိုက်ပါ။
Download Full Template ကိုနှိပ်ပြီး လက်ရှိ Template ကို Backup လုပ်ထားလိုက်ပါ။ Download ပေးပါလိမ့်မယ်။(အမှားယွင်းရှိခဲ့ရင် ၄င်း Backup file ကို Notepad အနေဖြင့် ဖွင့်ပြီး Install ပြန်လုပ်ပေးရန်ဖြစ် ပါတယ်)
Template တစ်ခုလုံးရဲ့ HTML code အားလုံးကိုတွေ့ရပြီဆိုရင် အောက်ဖော်ပြပါ Attribute tag တွေကိုရှာပါ။ /* Variable definitions */ ရဲ့အောက်မှာရှိပါတယ်။

၎င်း Attribute tag များကိုတွေ့ရင်အပြာရောင်ဖြင့်ပြထားသော code တို့ကိုဖျက်ပစ် နိုင်ပါတယ်။ % နဲ့ Default fonts တို့ရဲ့ကြားမှာ Zawgyi-One,ကို ရိုက်သွင်းပေးလိုက်ပါ။ အောက်ပါနမူနာကိုကြည့်ပါ။ အနီရောင်ဖြင့် ပြထားပါ တယ်။


(၃) ပြီးရင်တော့အောက်ဖော်ပြပါအတိုင်းလိုက်လုပ်ကြည့်ပါဦး။
(က) Edit HTML မှာ အောက်ပါ code ကိုရှာပါ။

body {
background:#123;
margin:0;
text-align:center;
line-height: 1.5em;
font: x-small Trebuchet MS, Verdana, Arial, Sans-serif;
color:$mainTextColor;
font-size/* */:/**/small;
font-size: /**/small;
}
ဒီ body code ကတော့ Rounders 3 Template Style မှဖြစ်ပါတယ်။ font: x-small Trebuchet MS, Verdana, Arial, Sans-serif; ဆိုတဲ့နေရာမှာ Zawgyi-One ကိုထည့်ရိုက်ပေးလိုက်ပါ။
font: x-small 'Zawgyi-One',Trebuchet MS, Verdana, Arial, Sans-serif;
တစ်ချို့ Template တွေမှာ ၄င်း body code တွင် ယခုလိုထည့်သွင်းစရာ font: ---ဆိုတာမပါတာတွေ့ရ တတ်မှာပါ။ အဲဒီလိုဆိုရင်တော့ -
font-family:'Zawgyi-One',Trebuchet MS,Verdana, Arial, Sans-serif;
ဆိုပြီး ထည့်သွင်းကြေညာပေး လိုက်ပေါ့။
(ခ) နောက်ထပ်ဆောင်ရွက်စရာကတော့ Font: ဆိုတာကို လိုက်ရှာပြီး Zawgyi-One ကိုလိုက်ထည့်ပေး လိုက်ရုံပါ။ သတိထားရန် အချက်လေးကတော့ တစ်ချို့၎င်း font: တို့တွင် အောက်ပါအတိုင်းသာ ပါရှိတတ်သဖြင့် Zawgyi-One နှင့် Default fonts တို့ကို ထည့်သွင်းပေးရမှာပါ-
font: $bodyfont;
font: $pageTitleFont;
font: $descriptionFont;
font: $headerFont;
font: $postTitleFont;
Zawgyi-One နှင့် Default fonts ဆိုသည်မှာ အပိုဒ်(၂)မှာဖော်ပြပါ ဆောင်ရွက်ခဲ့သည့် % အရှေ့ Zawgyi-One ထည့်သွင်းပေးခဲ့သည့် fonts များပဲဖြစ်ပါတယ်။ နမူနာအနေနဲ့တစ်ခု ဖော်ပြပေးလိုက်ပါတယ်၊ ကျန်တာတွေ မိမိဘာသာ ဆက်လုပ်နိုင်မယ်လို့ ယူဆလိုက်ပါတယ်-


#outer-wrapper{
width: 740px;
margin: 0 auto;
text-align: $ startside;
font: $ body font;
}
အနီရောင်ဖြင့်ပြထားတဲ့နေရာမှာ အပိုဒ်(၂)မှာ ဆောင်ရွက်ခဲ့တဲ့ သက်ဆိုင်ရာ fonts style တို့ကို အောက်ပါ အတိုင်း အစားထိုး ထည့်သွင်းပေးလိုက်ပါ၊

#outer-wrapper{
width: 740px;
margin: 0 auto;
text-align: $ startside;
font: normal normal 100% 'Zawgyi-One',Trebuchet MS, Verdana, Arial, Sans-serif;
}
"သက်ဆိုင်ရာ fonts style" ဆိုတာကို ထပ်ရှင်းပြပါဦးမယ်။ ဆိုလိုသည်မှာ bodyfont, pageTitleFont, descriptionFont, headerFont, PostTitleFont တို့အတွက် normal normal 100%, normal bold 200%, စတာတွေကို ဆိုလိုခြင်း ဖြစ်ပါသည်။
(၄) သီးသန့်ထည့်စရာလေးတွေ ရှိပါသေးတယ်။
(က) /* post */ အောက် က .post-footer ထဲမှာ အောက်ဖော်ပြပါ အနီရောင်ဖြင့် ဖော်ပြထားသည့် အတိုင်း ထည့်သွင်းပေးပါ-
.post-footer {
background: #ffffff;
margin:0;
padding-top:2px;
padding-$endSide:14px;
padding-bottom:2px;
padding-$startSide:29px;
border:1px dotted $borderColor;
border-width:1px;
font: normal normal 78% 'Zawgyi-One', Trebuchet MS, Verdana, Arial, Sans-serif;
font-size:100%;
line-height:1.5em;
color: #666666;
}

(ခ) /* Profile */ အောက်မှာလည်း အောက်ဖော်ပြပါ အနီရောင်ဖြင့် ဖော်ပြထားသည့်အတိုင်း ထည့်သွင်း ပေးလိုက်ပါ။ ဒါမှ တစ်ချို့က မိမိကိုယ်ကို တင်ပြကြတဲ့အခါမှာ မြန်မာလိုကောင်းကောင်း ပေါ်အောင် တင်ပြ နိုင်မှာပါ-
.profile-datablock {
margin-top:0;
margin-$endSide:15px;
margin-bottom:.5em;
margin-$startSide:0;
padding-top:8px;
font: normal normal 78% 'Zawgyi-One', Trebuchet MS, Verdana, Arial, Sans-serif;
font-weight: bold;
}

.profile-link {
background:url("http://www.blogblog.com/rounders3/ icon_profile_$startSide.gif") no-repeat $startSide .1em;
padding-$startSide:15px;
font: normal normal 78% 'Zawgyi-One', Trebuchet MS, Verdana, Arial, Sans-serif;
font-weight:bold;
}


***fonts size ကိုတော့ မိမိကြိုက်သလို အဆင်ပြေဆုံးမှာ ထားသုံးနိုင်ပါတယ်။

*** Template Style အပေါ်မူတည်ပြီး code တွေမတူညီတတ်ပါဘူး။ အနီးစပ်ဆုံးနဲ့ အလွယ်ကူဆုံးလေးမို့ နည်းနည်းတော့ ဂရုတစိုက် ဆောင်ရွက်လိုက်ရင် ပြီးစီးသွားမှာပါ။

ယခုဖော်ပြချက် အားလုံးသည် အနည်းငယ်နားလည် စေရန်အလို့ငှာ စေတနာရှေ့ထားကာ မိမိလို blogger အသစ်များ၊ font အတွက် အဆင်မပြေသေး သူများအတွက် ရည်ရွယ်ရေးသား လိုက်ပါသည်။ ဒီလောက်ဆိုရင် IE နှင့် Firefox တို့မှာ ကောင်းကောင်း မြင်ရပါလိမ့်မယ်။ ထောက်ပြစရာ၊ အကြံပြုစရာများကို comment မှာ ရေးသွင်းနိုင်ပါသည်။
အဆင်ပြေပါစေ။

အပြည့်အစုံသို့>>>

Thursday, August 14, 2008

Blogspot Element style ပြောင်းသွားပြီ

၁၂-၈-၂၀၀၈ ရက်နေ့ ညနေပိုင်းလောက်မှာ Blogspot ရဲ့ Element style ကဒီလိုလေး ပြောင်းသွားပြီး။
လွယ်ကူစုံလင်စွာအသုံးပြုနိုင်မယ့် WebGadgets များလည်း အသင့် ပါလာပါတယ်။ ယခင် Add a Element အစား Add a Gadget အဖြစ် ပြောင်းလဲသွားတာပါ။ အရင်ကထက် ပိုစုံသွား တာပေါ့။ ကျန်တာ ဘာတွေ ပြောင်းလဲ လဲဆိုတာ အတိအကျ မသိသေးပါဘူး။

အပြည့်အစုံသို့>>>

Saturday, August 9, 2008

Add a Favicon icon

မိမိ Websit ရဲ့ URL အရှေ့မှာ Logo icon လေးတွေထည့်မယ်ဆိုရင်။

(၁) အရင်းဆုံးလုပ်ရမှာက မိမိထည့်သွင်းအသုံးပြုလိုတဲ့ Image ကိုအရင် ဆုံးဖန်တီးရမှာပါ။ Image တွေပြုပြင် ဖန်တီးရာမှာ အကောင်းဆုံးကတော့ Photoshot software ကအကောင်း ဆုံးပါ။ ဒါပေမဲ့ ဒီပြင် software သုံးတတ် တဲ့ သူများလည်းရှိမှာပါ။ ကျနော်ကတော့ Photo shot software ကို အသုံးပြုပါတယ်။ Image size ကို 16px,16px ထားပြီး အသုံးပြု ပါတယ်။ 32px ,32px လည်းရပါတယ်။ အကောင်းဆုံး ကတော့ 16px, 16px ပါ။ file type ကိုတော့ .jpg , pnd, gif ကြိုက်တာကို သုံးနိုင်ပါတယ်။ ကျနော်ကတော့ .jpg type ကိုသုံးပါတယ်။ Image ပုံတွေကို Link code ရယူမဲ့ Hosting site www.iconj.com မှာလည်း အသင့် သုံးနိုင်တဲ့ Image များကို ထည့်သွင်းထားပေးပါတယ်။

(၂) Image စိတ်ကြိုက်ရပြီးဆိုရင် ၄င်းImage ကို Hosting site မှ Upload လုပ်ပြီး Link code ကိုရယူရမှာပါ။ ဒီနေရာကို click လုပ်ပြီးသွားရအောင် iconj.com

(၃) ၄င်း Site က free သုံးခွင့်ပြုထားတာပါ။ အထက်ဖော်ပြပါပုံအတိုင်း Browse ကိုနှိပ်ပြီး မိမိရဲ့ computer ဆီသွားပါ၊ မိမိ create လုပ်ထားခဲ့သော Image ကို ရွေးပေးလိုက်ပါ။ ပြီးရင်တော့ Upload Now ဆိုတဲ့ Tab bottom ကို နှိပ်ပြီး Upload လုပ်ပါ။ မိနစ်အနည်းငယ်အတွင်းကို generate လုပ်ပေးပြီး site ရဲ့ Image Link code ကိုထုတ်ပေးပါလိမ့်မယ်။အောက်ပါပုံကိုကြည့်ပါ။

(၄) Host It at IconJ.com:(Direct Link) အောက်က ထုတ်ပေးထားတဲ့ Link ကို copy ကူးယူထားပြီး Notepad မှ ခဏ save ထားလိုက်ပါ။
(၅) Dashboard ကိုသွားပြီး Layout-->Edit HTML ကိုဝင်ပါ၊ HTML code တွေကို Backup လုပ်ထားဘို့ မမေ့ပါနဲ့။
Notepad မှာ save ထားခဲ့တဲ့ Link ကို Edit HTML မှ <Head> ကိုရှာပါ၊ အပေါ်နားလောက်မှာ တွေ့နိုင်ပါတယ်။ အထက်ပါပုံကိုကြည့်ပါ။ တွေ့ရင် ကပ်လျှက်အောက်မှာ ထည့်ပေးလိုက်ပါ။ အားလုံးပြီးပြီမို့ Template ကို Save လိုက်ပါတော့ဗျာ။
အဆင်ပြေပါစေ။

အပြည့်အစုံသို့>>>

Thursday, August 7, 2008

NAVBAR ဘားလေးဖြုတ်မယ်

navbar ဘားလေးဟာ မိမိ Site ရဲ့အပေါ်ဆုံးမှာ အမြဲတမ်းလိုက်ပေါ် နေပေးနေတာပါ။ အသုံးတည့်သလို မျက်စိလည်း ရှုပ်ပါတယ်။ သူ့ကိုဖြုတ်မယ်ဆိုရင်တော့ Blogger Logo လေးတစ်ခုတော့ မိမိရဲ့ Sidebar ရဲ့ နေရာ တစ်ခုမှာ ထည့်သွင်းတပ်ထား သင့်ပါတယ်။
(၁) nabar မူရင်းပုံလေးပါ။
(၂) မမြင်ချင်၊ မလိုချင်တော့ဘူးဆိုရင်တော့-Template==>Edit HTML ကိုသွားပါ။
/* Header */ ဆိုတဲ့ comment ရဲ့ အောက်ဆုံး တစ်နေရာလေးမှာ အောက်ဖော်ပြပါ code လေးကို ထည့်သွင်း ပေးလိုက်ပါ။

#navbar-iframe{
height: 0px;
}

မိမိရဲ့ Template ကို save လိုက်ပါ။ view ကြည့်ပါ၊ မမြင်ရတော့ပါဘူး ။
(၃) Blogger Logo လေးထည့်ရအောင်၊ ဘာဖြစ်လို့ထည့်ရမှာလဲဆိုတော့ navbar ဘားအစား အသုံးပြုဘို့ပါ။
-Template==>Page Element-->Add a Page Element ကိုသွားပါ။
-Sidebar ရဲ့ Add a Page Element ကိုပြောတာပါ။ Logo ဆိုတဲ့နေရာကိုရှာပြီး ADD TO BLOG ဆိုတဲ့ Tab ကိုနှိပ်ပါ။ အဲဒီမှာ Logo တစ်ခုကို ရွေးပြီး Save လိုက်ပါ။


-ဒါဆိုရင် အဲဒီ Blogger Logo လေးဟာ Sidebar ပေါ် ရောက်နေပါပြီ။ နောင် Dashboard ကိုသွားချင်ရင် အဲဒီ Logo လေးကိုနှိပ်လိုက်ရုံနဲ့ အလွယ်တကူရောက်ရှိ နိုင်ပါပြီ။
-အဆင်ပြေပါစေ။

အပြည့်အစုံသို့>>>

Wednesday, August 6, 2008

Main and Sidebar Wrapper

Main Wrapper နဲ့ Sidebar Wrapper အကြောင်းကို နည်းနည်းပြောပြပေး ပါမယ်။ ဘာဖြစ် လို့လဲ ဆိုတော့ မိမိရဲ့ blog လေးထဲကို အမျိုးမျိုးသော အလှအပ အဆင်တန်ဆာတို့ ထည့်မည် ဆိုရင်သိထားဘို့ လိုအပ်မဲ့ အချက်လေးဖြစ်လို့ပါပဲ။ ဥပမာ-cbox, google gadgets, image-- စသည်တို့လိုမျိုးကို Main Wrapper နဲ့ Sidebar Wrapper တို့ရဲ့ Width ကို သိထားမှ စဉ်းစား တွက်ချက် ပြင်ဆင်ထည့်မှ အဆင်ပြေ လှပ သေသပ် မှာပါ။ ဒါကြောင့်-


(၁) Dashboard ==> Layout-->Edit HTML ကိုသွားပါ။ ဒီနေရာမှာ အရင်ဆုံးပြောချင်တာက HTML နဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းမျိုးမျိုးကြောင့် ပြင်ဆင်မယ် ဆိုရင်တော့ အရင်ဆုံးလုပ်ရမယ့်အချက်က မိမိရဲ့ Template ကို backup လုပ်ထားဘို့ပါပဲ- Backup/Restore Template အောက်က Download Full Template ကိုနှိပ်ပြီး backup လုပ်ပါ။ (ဒါမှမဟုတ်) Edit HTML ထဲမှ code တွေအားလုံးကို Notepad ထဲ copy ကူးထည့်ထားပြီး Save ထားပါ။ အကြောင်းအမျိုးကြောင့် အဆင်မပြေတာတွေ ဖြစ်လာရင် ပြန်ပြီးအသုံးပြုလို့ ရအောင်လို့ပါ။

(၂) Edit Template အောက်က code ထဲမှအောက်ဖော်ပြပါ code ကိုရှာပါ။
#main-wrapper {
align: center;
width:470px;
margin-left:25px;
float:left;
word-wrap: break-word;
}
#sidebar-wrapper {
align: left;
width:180px;
float:right;
margin-right:15px;
word-wrap: break-word;
}

-Keyboard မှ (ctrl+F)Key ကိုနှိပ်ပြီးပေါ်လာမည့် Find: box ထဲတွင် #main-wrapper, #sidebar wrapper တစ်ခုခုကို ရိုက်ထည့်ပြီး ရှာရင်လည်း မြန်မြန်ရှာတွေ့နိုင်ပါတယ်။
-အနီရောင်ဖြင့် ပြထားသော code သည် မှတ်သားထားရမယ့် မိမိ Template ရဲ့ width တို့ ဖြစ်ပါတယ်။
-အဆင်ပြေပါစေ။

အပြည့်အစုံသို့>>>

Monday, August 4, 2008

Cbox ပြုလုပ်နည်း

တစ်ယောက်သောညီလေးအတွက်နှင့်ပြုလုပ်လိုသူများအတွက်
ကဲညီလေးရေစလုပ်ကြမယ်-
(၁) www.cbox.ws မှာအရင်ဆုံး SignUp လုပ်ရမယ်။

(က) Cbox name (ဒီcbox name url ကိုမှတ်ထားပြီးနောက်နောင်ပြင်ဆင်နိုင်သည်)
(ခ) Email address (ဥပမာ-maungpe@gmail.com)
(ဂ) Password (နှစ်သက်ရာထည့်ပါ)
(ဃ) Confirm Password (အပေါ်ကထည့်ထားတဲ့ password အတိုင်းထည့်ပါ)
(င) Website ( မိမိအသုံးပြုမည့် site url ကိုထည့်ပေးရမှာပါ)
(စ) Lunguages ( ကြိုက်နှစ်သက်ရာပေါ့ )
(ဇ) Style (downarrow ကိုနှိပ်ပြီး ကြိုက်နှစ်သက်ရာရွေးပေါ့) (မိမိရွေးတဲ့Style အတိုင်း
ညာဘက်ဘေးတွင် နမူနာအနေနဲ့ဖော်ပြပေးမှာပါ)
-ပြီးရင်တော့ I have read and agree to the Cbox terms and conditions of service. ကို mouse နဲ့ click လုပ်ပြီး အမှန်ချစ်လေးပေးပြီး create my cbox ကို click လုပ်လိုက်ပါ။
-အောက်ပါပုံအတိုင်း cbox created ဆိုပြီးတက်လာပါလိမ့်မယ်။


(၂)မိမိ signup လုပ်ခဲ့တဲ့ Email ကိုဖွင့်ပါ။
-Email ထဲမှာ signup လုပ်ခဲ့စဉ်က Username နဲ့ Password တို့ဖော်ပြပေးပြီး မိမိသွားရမယ့် cbox site ရဲ့ Admin Link URL တစ်ခုကိုတွေ့ရမှာ။ ၄င်း URL Link ကိုနှိပ်ပါ။ cbox site ရဲ့ Control panel ပေါ်လာပါ လိမ့်မယ်။
-Login တွင် မိမိ SignUp လုပ်ထားခဲ့တဲ့ Username နဲ့ Password တို့ကိုထည့်သွင်းပြီး Login လုပ်ပါ။
-Code Generator ဆိုပြီးပေါ်လာတဲ့အခါမှာတော့ မိမိအသုံးပြုမဲ့ cbox code အတွက် Generate လုပ်ပါမယ်-
(အရင်ဆုံးဖော်ပြပေးလာတဲ့ code ကိုမယူပါနဲ့ဦး)
(၃)(က)Menu bar မှ Look & Feel ဆိုတဲ့ Tab ကိုနှိပ်ပြီး---Layout option ကိုနှိပ်ပါ။


-အထက်ပုံပါအတိုင်း Width and Height ကို မိမိရဲ့ Website Sidebar width အတိုင်းချိန်ညှိပြီးထည့်ရမှာပါ။ မသိရင်တော့လည်း ပေးထားတဲ့အတိုင်းထားခဲ့ပါ။ နောက်မှပြင်လို့ရပါတယ်။
-Form layout သည် cbox style ပြောင်းပေးခြင်းဖြစ်ပါတယ်။ ကျနော်ကတော့ မပြင်တာ ဒီအတိုင်းပဲ ကြိုက်ပါတယ်။
-Message ကတော့ ကိုယ့်ဆီဝင်ရောက်နေတဲ့ Message တွေ ဘယ်နှခုပဲ ထားမယ်ဆိုတဲ့ သတ်မှတ်ချက် ပေးထားခြင်းဖြစ်ပါတယ်။ ကြိုက်တဲ့နေရာမှာ ထားပါ။
-ပြီးရင်တော့ အောက်မှာပါတဲ့ Save ကိုနှိပ်လိုက်ပါ။
(ခ)Menu bar မှ Look & Feel ဆိုတဲ့ Tab ကိုနှိပ်ပြီး---Style gallery ကိုနှိပ်ပါ။
-cbox style များကို ဖော်ပြပေးထားပြီး နောက်ထပ်ရွေးချယ်ခွင့်ပေးထားတာပါ။ ၄င်းကြိုက်နှစ်သက်ရာ Style တစ်ခုပေါ်မှာ click လုပ်ကာ Confirm ကိုနှိပ်ပြီး Save လုပ်ထားခဲ့ပါ။
(ဂ)Menu bar မှ Look & Feel ဆိုတဲ့ Tab ကိုနှိပ်ပြီး---Edit Style ကိုနှိပ်ပါ။
-အောက်ပါပုံကိုကြည့်ပါ။

-မိမိ cbox မှာ မြန်မာလိုပြောတာလေးတွေကောင်းကောင်းပေါ်အောင် လုပ်ရမှာပါ။ အောက်ဆုံးမှာတွေ့ရမယ့် Font box မှာ Zawgyi-One ဆိုပြီး ပြင်ရိုက်ပေးရပါမယ်။ ပြီးရင်တော့ Save ခဲ့ပေါ့။
(ဃ)Menu bar မှ Look & Feel ဆိုတဲ့ Tab ကိုနှိပ်ပြီး---Edit CSS ကိုနှိပ်ပါ။
-၄င်း CSS cade မှာမိမိစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ ဒါပေမယ့်လုံးဝနားမလည်ပဲ မလုပ်ရင်ကောင်းပါမယ်။ Save ထားခဲ့ပါ။
(၄)(က)Menu bar မှ Options ဆိုတဲ့ Tab ကိုနှိပ်ပြီး---Posting options ကိုနှိပ်ပါ။
-မိမိနှစ်သက်သည်များရွေးချယ်ပြီး Save ထားခဲ့ပါ။
(ခ)Menu bar မှ Options ဆိုတဲ့ Tab ကိုနှိပ်ပြီး---Date options ကိုနှိပ်ပါ။
-မိမိနှစ်သက်သည်များရွေးချယ်ပြိး Save ထားခဲ့ပါ။
(ဂ)Menu bar မှ Options ဆိုတဲ့ Tab ကိုနှိပ်ပြီး---Smilies ကိုနှိပ်ပါ။
-Reset to defoult set တွင် ကြိုက်နှစ်သက်ရာ color ကိုရွေးချယ်ပြီး Apply ကိုနှိပ်ပါ။(မိမိအသုံးပြုမဲ့ smilies အရုပ်ကလေးတွေရဲ့color ပြောင်းပေးခြင်းပါ)အောက်ပါပုံတို့ကိုကြည့်ပါ-
-မိမိကြိုက်နှစ်သက်တဲ့ Smilies အရုပ်ကလေးရဲ့ URL တစ်ခုကို copy လုပ်ပြီး အောက်ဆုံးမှာရှိနေတဲ့ http://______ အလွပ်နေရာတွင် Paste လုပ်ပါ။

-ပြီးရင် ဘယ်အစွန်း code ဆိုတဲ့ box ထဲမှာ မိမိအသုံးပြုမဲ့ code ကိုရိုက်သွင်းပေးထားခဲ့ပါ။ ဥပမာ( :-D )
-ပြီးရင်တော့ Save ထားခဲ့ဦးပေါ့။
-ဒီလောက်ဆိုရင်အဆင်ပြေပါပြီ။
(၅)Menu bar မှ Publish ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။


-code များကို copy လုပ်ပါ။ ပြီးရင် NotePad ကိုဖွင့်ပြီး NotePad ပေါ်မှာ အရင် Paste လုပ် Save ပါ။
(၆)မိမိ Website ရဲ့ Dashboard ကိုသွားပါ။ Layout==>Page Elements--->Add Page Elements နှိပ်သွားပါ။ HTML/JavaScript ကိုရှာပါ။ တွေ့ရင် ADD TO BLOG ဆိုတဲ့ Tab ကိုနှိပ်ပြီးဝင်ပါ။ ပြီးရင် NotePad ပေါ်မှာ Save ထားခဲ့တဲ့ code ကို content ဆိုတဲ့နေရာအောက်မှာ ထည့်ပါ။ Title မှာ ကြိုက်ရာ ရိုက်ခဲ့ပါ။ ပြီးတော့ Save လိုက်ပါ။
အဆင်ပြေပါစေ။

အပြည့်အစုံသို့>>>