ပန်းတစ်ခင်း...ချစ်ခြင်းတွေရှိမှ...လှနိုင်မှာပါ။

ပန်းတစ်ခင်း...ဒေါသမီးတွေငြိမ်းမှ လှနိုင်မှာပါ။

ပန်းတစ်ခင်း...အတ္တတွေရှင်းမှ လှနိုင်မှာပါ။

Wednesday, August 6, 2008

Main and Sidebar Wrapper

Main Wrapper နဲ့ Sidebar Wrapper အကြောင်းကို နည်းနည်းပြောပြပေး ပါမယ်။ ဘာဖြစ် လို့လဲ ဆိုတော့ မိမိရဲ့ blog လေးထဲကို အမျိုးမျိုးသော အလှအပ အဆင်တန်ဆာတို့ ထည့်မည် ဆိုရင်သိထားဘို့ လိုအပ်မဲ့ အချက်လေးဖြစ်လို့ပါပဲ။ ဥပမာ-cbox, google gadgets, image-- စသည်တို့လိုမျိုးကို Main Wrapper နဲ့ Sidebar Wrapper တို့ရဲ့ Width ကို သိထားမှ စဉ်းစား တွက်ချက် ပြင်ဆင်ထည့်မှ အဆင်ပြေ လှပ သေသပ် မှာပါ။ ဒါကြောင့်-


(၁) Dashboard ==> Layout-->Edit HTML ကိုသွားပါ။ ဒီနေရာမှာ အရင်ဆုံးပြောချင်တာက HTML နဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းမျိုးမျိုးကြောင့် ပြင်ဆင်မယ် ဆိုရင်တော့ အရင်ဆုံးလုပ်ရမယ့်အချက်က မိမိရဲ့ Template ကို backup လုပ်ထားဘို့ပါပဲ- Backup/Restore Template အောက်က Download Full Template ကိုနှိပ်ပြီး backup လုပ်ပါ။ (ဒါမှမဟုတ်) Edit HTML ထဲမှ code တွေအားလုံးကို Notepad ထဲ copy ကူးထည့်ထားပြီး Save ထားပါ။ အကြောင်းအမျိုးကြောင့် အဆင်မပြေတာတွေ ဖြစ်လာရင် ပြန်ပြီးအသုံးပြုလို့ ရအောင်လို့ပါ။

(၂) Edit Template အောက်က code ထဲမှအောက်ဖော်ပြပါ code ကိုရှာပါ။
#main-wrapper {
align: center;
width:470px;
margin-left:25px;
float:left;
word-wrap: break-word;
}
#sidebar-wrapper {
align: left;
width:180px;
float:right;
margin-right:15px;
word-wrap: break-word;
}

-Keyboard မှ (ctrl+F)Key ကိုနှိပ်ပြီးပေါ်လာမည့် Find: box ထဲတွင် #main-wrapper, #sidebar wrapper တစ်ခုခုကို ရိုက်ထည့်ပြီး ရှာရင်လည်း မြန်မြန်ရှာတွေ့နိုင်ပါတယ်။
-အနီရောင်ဖြင့် ပြထားသော code သည် မှတ်သားထားရမယ့် မိမိ Template ရဲ့ width တို့ ဖြစ်ပါတယ်။
-အဆင်ပြေပါစေ။

0 comments:

Post a Comment

မင်္ဂလာပါဗျာ ကျေးဇူးတင်ပါတယ်