အချစ်အကြောင်းတစ်စေ့တစ်စောင် ရေးရဦးမယ်ဆိုတော့ နည်းနည်းအိပ်မပျှော် စားမ၀င် ဖြစ်သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာရေးတဲ့နေရာမှာ အရမ်းထုံတယ်လေ။ ခဏခဏ ဂိမ်းဆော့တဲ့
မက်မက် ဆိုတဲ့ ကောင်မလေးရဲ့ တက်ဂ် ဂိမ်းကြောင့်ပါ။ ဒါနဲ့မသိချင်ယောင်ဆောင်ပြီး နည်းနည်း အချိန်ဆွဲထား လိုက်တယ်၊ ကောင်မလေးက မှတ်ဥာဏ်ကောင်းတယ်ဗျ။ လာလာပြီးကြည့်ပြီးတော့ အိမ်ထဲမှာလာလာ အော်သွားတယ်၊ အကြွေးပေးပါတဲ့လေ။ အဲ့ဒါကြောင့် မဖြစ်မနေလက်စွမ်းပြလိုက်ရပါတယ် -
အချစ်ဆိုသည်မှာ
အချစ်.. အချစ်... အချစ်.....
အချစ်ဆိုတာ
သမုဒယအနွယ်တွေနဲ့ ရှင်းရခက်တဲ့နှောင်ထုံးလား ..
အချစ်နဲ့တွေ့တဲ့သူတိုင်း
ပန်းပေါင်းစုံဖူးဖွင့်ဝေဆာနေတဲ့ပန်းဥယျာဉ်ကြီးထဲရောက်နိုင်သလား..
တစ်ခြမ်းစီဆက်လိုက်တဲ့ဘ၀တစ်ခု
သုံးဥတုမှာ ကြည်နှူးမှုမြစ်တစ်စင်း ဖြစ်နိုင်ရဲ့လား..
အချစ်ဆိုတာ
ရေခဲသေတ္တာထဲကပန်းသီးတစ်လုံး ဖြစ်နိုင်သလို
လမ်းမပေါ်တစ်ယောက်တည်း တပေါင်းနေနဲ့အတူ လျှောက်လှမ်းနေရသလိုလည်း ဖြစ်နိုင်ပါတယ်။
ကောင်းကင်နဲ့မြေကြီးလို ကြည်နှူးမှုနဲ့ လွမ်းဆွေးမှုတို့ရဲ့ ဖြစ်စဉ်တွေကလည်း
မာယာတွေများတဲ့ အတ္တရဲ့ကြော့ကွင်းတစ်ခုကြောင့်ပါ။
(pethein)
စပ်မိစပ်ရာ တွေးမိတွေးရာ ရေးမိရေးတာ ရေးချလိုက်တယ် မက်မက်ရေ၊ အဆင်ပြေသလို ကြည့်ဖတ်သွားကြပါ။ မက်မက်လုပ်တာနဲ့ ကာရန်တွေဟိုချိတ် ဒီချိတ် လိုက်ချိတ်ရင်း ကသောင်းကနင်းပေါ့။ ဘယ်ရမလဲ ဒီကလည်း တစ်ကွက် နှစ်ကွက် သင်ထားလို့ တော်သေးတာပေါ့။ ဘယ်သူကဘယ်လို စတင်မွေးဖွားပေးလိုက်တဲ့ တက်ဂ်ဂိမ်းမှန်း မသိသော်လည်း၊ သို့ပေသော်ငြာလည်း ကျေးဇူးပါမက်မက်ရေ။
တာဝန်မကျေမှာစိုးလို့ တစ်ယောက်လောက်တော့ တက်ဂ်ပါရစေ၊ လူအများကြီးတက်ဂ်ရင် စိတ်ဆိုးမှာ စိုးလို့ပါ။
သူကတော့် သူငယ်ချင်း မနီနီဝင်း ပါ။ စာရေးအရမ်းကောင်းပါတယ်။
နောက်တစ်ယောက်တိုးညီလေး ဆောင်းအိမ်မက် ပါ။

ပျှော်ရွှင်ချမ်းမြေ့ကြပါစေ
အပြည့်အစုံသို့>>>
ပြန်ခေါက်ခဲ့လိုလျှင်>>>