ပန်းတစ်ခင်း...ချစ်ခြင်းတွေရှိမှ...လှနိုင်မှာပါ။

ပန်းတစ်ခင်း...ဒေါသမီးတွေငြိမ်းမှ လှနိုင်မှာပါ။

ပန်းတစ်ခင်း...အတ္တတွေရှင်းမှ လှနိုင်မှာပါ။

Monday, December 29, 2008

ခေတ္တရပ်နားခြင်း

မိတ်ဆွေအပေါင်းအသင်းအားလုံးနှင့် အလည်လာအပေါင်း တောင်းပန်ပါရစေ အရှုပ်တွေလုပ်နေလို့ ရေးချင်တာတွေအများကြီး ကျန်နေသေးပေမယ့် ခဏနားမယ် အားလုံးအဆင်ပြေ သွားတဲ့တစ်နေ့

အပြည့်အစုံသို့>>>

Thursday, December 4, 2008

Peekaboo Post and Sidebar Hight/Show( +/- )

Post Hight/Show[+/-]

အခုဖော်ပြမည့်နည်းလေးကတော့ အလွယ်ကူဆုံးနဲ့ လုံးဝ error မရှိတဲ့ Hight/Show [+/-] လုပ်လို့ရတဲ့ နည်းကောင်းလေး တစ်ခုပါ။ အသုံးလည်းနည်း လူသိလည်းနည်းတဲ့ နည်းပညာလေး တစ်ခုလို့ ထင်ပါတယ်။ ခေါက်သိမ်းထားတဲ့ posts တွေကို Show အနေနဲ့ ကြည့်ချင်ရင်သော်လည်းကောင်း၊ Hight ပြန်လုပ်ချင်ခဲ့ရင် သော်လည်းကောင်း တစ်နေရာထဲမှာပဲ mouse click ပြုလုပ်ပေးခြင်းအားဖြင့် Hight/Show ပြုလုပ်ပေးနိုင် ပါတယ်။ပြုလုပ်ချင်တယ်ဆိုရင်တော့ အဆင့် (၃)ဆင့်လောက်လုပ်ရုံနဲ့ အဆင်ပြေစေပါတယ်-
[ ဆက်ဖတ်ရန် +/- ]


(၁) Style Sheet အတွင်း အဆင်ပြေဆုံးနေရာတစ်ခုမှာ အောက်ဖော်ပြပါ code စာကြောင်းလေး၂ခုကို ထည့်သွင်းပေးပါ။ Style Sheet ဆိုတာကတော့ ]]></b:skin> ဆိုတဲ့ စာကြောင်းလေး အထက်ပိုင်းကို ခေါ်ပါတယ်။ ကျနော်ကတော့ သူ့ရဲ့အပေါ်ကပ်လျက် မှာ ထည့်သွင်း ပေးထားပါတယ်။ Blogger များ မိမိအဆင်ပြေတဲ့နေရာမှာ ထည့်သွင်းပါ-

.commenthidden {display:none}
.commentshown {display:inline}



(၂) အောက်ဖော်ပြပါ Script code လေးကို </head> ရဲ့အပေါ်မှာ ထည့်သွင်းပေးပါ-

<script type="text/Javascript">
function togglecomments (postid){
var whichpost =document.getElementById(postid);if(whichpost.className=="commentshown"){
whichpost.className="commenthidden";}else {
whichpost.className="commentshown";}
}</script>



ဒီလောက်နဲ့တင်ကို ပြင်ဆင်ခြင်းအပိုင်းပြီးပါပြီ။

(၃) Posts တွေကို ခေါက်ချိုးသိမ်းဖို့အတွက် အောက်ဖော်ပြပါ code ကိုအသုံးပြုရပါမယ်။ လိုက်နာရမဲ့ အထူး သတိပြုရမဲ့ အချက်တစ်ချက်တော့ရှိပါတယ်။ အနီရောင် ဖြင့်ပြထားတဲ့ နေရာတို့တွင် post တစ်ခုနဲ့ တစ်ခုအပေါ် အသုံးပြုတာချင်မတူရပါဘူး။ ဥပမာ-post အခု ၁၀၀ မှာ သုံးမယ်ဆိုရင် ၄င်း အနီရောင် ဖြင့် ပြထားသောနေရာသည် အခု ၁၀၀ လုံး တစ်ခုနှင့် တစ်ခုမတူညီတဲ့ အမှတ်အသားတွေ ပြောင်းလဲ ထည့်သွင်း ပေးရမှာပါ။ ကျနော်ကတော့ post အမှတ်အသားအနေနဲ့ ကိုယ့်နာမည် နောက်မှာ 1,2,3, စသည်ဖြင့် တစ်ခုစီ သတ်မှတ်ပေး လိုက်ပါတယ်။ အလွယ်ဆုံးပေါ့။ အပြာရောင်ဖြင့်ပြထားသော rgb color value နှင့် Hight/Show ပြုလုပ်မဲ့ [ ဆက်ဖတ်ရန် +/- ] တို့ကို မိမိစိတ်ကြိုက် ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ (color link )


ဖော်ပြထားလိုသောစာသားများထားရန်<a style="color: rgb(255, 0, 0);" aiotitle="click to expand" href="javascript:togglecomments('pethein')"><span style="color: rgb(255, 0, 0);">[ ဆက်ဖတ်ရန် +/- ]</span></a><div class="commenthidden" id="pethein"><p> ခေါက်သိမ်းထားလိုသောစာသားများထားရန်</p></div>



အထက်ဖော်ပြပါ code ကို Dashboard မှ Settings==>Formatting ကိုသွားပြီး Post Template ၏ box ထဲတွင် ထည့်သွင်းပေးလိုက်ပါ။ ပြီးရင် Save လိုက်ပါ။ ဒါဆိုရင် Posts တွေရေးတိုင် လိုက်ပေါ်ပေးနေမှာပါ။

အလွန်လွယ်လို့ ဒီလောက်ဆိုသဘောပေါက်တယ်လို့ ယူဆလိုက်ပါတယ်။

ှSidebar အတွက်တော့ နောက်မှ ဆက်ရေးပါ့မယ်။



အဆင်ပြေပါစေ

အပြည့်အစုံသို့>>>